Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-06-23 14:22:09
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် အာဆီယံပြခန်းကို ဖွင့်လှစ်ပြသသွားမည်ဖြစ်၍ ဟာလာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တင်ပို့ရန် အသင့်ဖြစ်နေသည့် မြန်မာနိုင်ငံမှအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်သည့် ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းနှင့် အရန်ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းတို့အား အဆိုပြုနိုင်ကြောင်း သိရှိရသည်။ အထက်ပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားသည်-
၁။ ပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား အားလုံးပါဝင်ပြီး ကြံ့ခိုင်ရည်ရှိသော ရေရှည်တည်တံ့သည့် ကုန်သွယ်မှုဖြစ်စေရန် ရည်ရွယ်၍ မလေးရှားနိုင်ငံမှအာဆီယံ အလှည့်ကျဉက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် အာဆီယံ-ဂျပန်စင်တာအနေဖြင့် ဖွင့်လှစ်ပြသရခြင်းဖြစ်ကြောင်း၊
၂။ ပြပွဲတွင် မလေးရှားနိုင်ငံမှကုမ္ပဏီများနှင့် နိုင်ငံတကာမှကုမ္ပဏီများ ပါဝင်ပြသကြမည်ဖြစ်ပြီး စားသောက်ကုန်၊ ဖက်ရှင်၊ အလှကုန်၊ ဘဏ္ဍာရေးအစရှိသည့် လုပ်ငန်းများ ပါဝင်ပြသကြမည် ဖြစ်ကြောင်း၊
၃။ ပြခန်းငှားရမ်းခနှင့် ပြခန်းပြင်ဆင်ခကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးသွားမည်ဖြစ်ပြီး အသွားအပြန်လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်နှင့် ပြပွဲတွင် ပြသမည့်ကုန်စည်များ မလေးရှားနိုင်ငံသို့ သယ်ယူပို့ဆောင်ခြင်းတို့အား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း။
The 21st Malaysia International Halal Showcase 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025
အိန္ဒိယနိုင်ငံတွင် တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) ပြပွဲ ကျင်းပမည်
Date: 25th to 29th September, 2025